ye-kyaw-thu / sylbreak

Syllable segmentation tool for Myanmar language (Burmese) by Ye.
Apache License 2.0
56 stars 19 forks source link

update java, javascript programming language #2

Closed chanmratekoko closed 6 years ago

chanmratekoko commented 6 years ago

update code for java, javascript programming languages

ye-kyaw-thu commented 6 years ago

Dear Chan Mrate Ko Ko,

အကို့ရဲ့ sylbreak ကို စိတ်ဝင်စားတဲ့ ကိစ္စ၊ extend လုပ်တဲ့ ကိစ္စကို သိရလို့ အရမ်းဝမ်းသာပါတယ်။

တကယ်က အကို ညီလေးရဲ့ ပရိုဂရမ်တွေကို ဒီအတိုင်း merge လုပ်ဖို့ ကြတော့ ခက်တယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ညီလေးက ပြင်ထားတဲ့ အချက်တွေကို အကို့အနေနဲ့က ဒီအတိုင်း ယူသုံးဖို့ အဆင်မပြေတာရယ်၊ အကို လက်ခံယူဆထားတဲ့ concept နဲ့ မတူလို့ပါ။

ညီလေးပြင်ထားတဲ့

Added support for numbers. (၁၀၀ကျပ် will be segmented into ['၁၀၀', 'ကျပ်']) Added support for words with special killers. This scenario can be see mostly in English names like ဘတ်ဇ်ခရောရှ့်ဂတ် -> ['ဘတ်ဇ်', 'ခ', 'ရောရှ့်', 'ဂတ်'] and ဂျော့ချ်ဘုရှ် -> ['ဂျော့ချ်', 'ဘုရှ်']. Added support for updated tone mark and killer rule. (သ + င + ့ + ် or သ + င + ် + ့ will be able to segment correctly into ['သင့်'])

အထက်ပါ ကိစ္စတွေကို အကို သိတာပေါ့။ ရှင်းပြရရင် အကိုက တမင်တကာ support မလုပ်ထားတာပါ။ တကယ်လို့ အဲဒီလို ကိစ္စတွေအားလုံးကို cover ဖြစ်အောင်ဆိုရင် ညီလေးတို့ အကိုတို့က အများကြီး စဉ်းစားပေးဖို့ လိုအပ်လို့။ စပိန်၊ တရုပ်၊ ဂျပန် စတဲ့ စကားလုံးတွေကို မြန်မာလို ပေါင်းတဲ့ အခါမှာလည်း စာလုံးအသစ်တွေဝင်လာနိုင်တာကြောင့်ပါ။

အကို့အနေနဲ့က RE ကို သုံးပြီးတော့ မြန်မာစာကို syllable break လွယ်လွယ်ကူကူ လုပ်လို့ ရတယ်ဆိုတဲ့ message ကို အားလုံးကို ပေးထားတာပါ။ ကိုယ့်ရဲ့ လိုအပ်ချက်အပေါ်ကို မူတည်ပြီး၊ application ပေါ်မူတည်ပြီး၊ ပြင်သုံးတာ၊ extend လုပ်တာတွေကို ကြိုက်သလို လုပ်ပါ။

အကိုရဲ့ မြန်မာလို ရှင်းပြထားတာက သိပ်မပြည့်စုံသလို ဖြစ်နေလို့ တောင်းပန်ပါတယ်။ အကို အချိန်ရတဲ့ အခါ အထက်ပါကိစ္စတွေကို နည်းနည်း ဖြည့်ရှင်းတာမျိုး လုပ်ပါမယ်။

လေးစားစွာဖြင့် ရဲကျော်သူ (ခေတ္တ မြိတ်)

On Mon, Jun 11, 2018 at 6:09 PM, Chan Mrate Ko Ko notifications@github.com wrote:

update code for java, javascript programming languages

You can view, comment on, or merge this pull request online at:

https://github.com/ye-kyaw-thu/sylbreak/pull/2 Commit Summary

  • update java, javascript programming language

File Changes

Patch Links:

— You are receiving this because you are subscribed to this thread. Reply to this email directly, view it on GitHub https://github.com/ye-kyaw-thu/sylbreak/pull/2, or mute the thread https://github.com/notifications/unsubscribe-auth/ARQJNoCtBKVQUNmCzgOzWSWa91ErupHIks5t7jPggaJpZM4UiU4B .

chanmratekoko commented 6 years ago

Dear Ye Kyaw Thu @ye-kyaw-thu

အခုလို Reply ပြန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

အကို့ ဆီကို merge လုပ်ထားတဲ့ code တွေရဲ့ RE က အကို့ရဲ့ RE နဲ့တူတူပါပဲခင်ဗျ။ အကို့ရဲ့ RE ကိုသုံးပြီးပဲ Java, Javascript languages များဖြင့် ထပ်ပေါင်း ရေးသားထားပြီး merge လုပ်ခဲ့တာဖြစ်ပါတယ်။ output လည်းတူတူထွက်ပါတယ်ခင်ဗျ။

ကျွန်တော့်အနေဖြင့် ကို Swan Htet Aung ရဲ့ ReSegment Repo ကိုလည်း Fork လုပ်ခဲ့တာကြောင့် အကိုအနေဖြင့် ရုတ်တရက် ဒွိဟဖြစ်စေခဲ့တယ်လို့ထင်ပါတယ်။ python, perl, shell ကိုမလေ့လာဖူးပဲ java, javascript စသည့်တို့ကိုသာ လေ့လာဖူးတဲ့ သူတွေအတွက်ပါအဆင်ပြေအောင် တတပ်တအား merge လုပ်ပေးတာပါခင်ဗျ။

အကိုအနေဖြင့်လက်ခံမယ်ဆိုလျှင် java, javascript စသည့်တို့အတွက် နောက် update feature အတွက်လည်း contribute လုပ်လိုပါတယ်ခင်ဗျ။

လေးစားစွာဖြင့် ချမ်းမြေ့ကိုကို

ye-kyaw-thu commented 6 years ago

ချမ်းမြေ့ကိုကို

ကောင်းပါပြီ။

sylbreak program ကို Java, Javascript တွေ နဲ့ သုံးပြီး example program ရေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အကို အခုပဲ merge လုပ်လိုက်ပြီ။

ဖြစ်နိုင်ရင်တော့ sylbreak ဆိုတဲ့ နာမည်နဲ့ပဲ အားလုံးကိုညီအောင်သွားချင်တယ်။

ရဲကျော်သူ@Myeik

2018-06-13 0:43 GMT+09:00 Chan Mrate Ko Ko notifications@github.com:

Dear Ye Kyaw Thu @ye-kyaw-thu https://github.com/ye-kyaw-thu

အခုလို Reply ပြန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

အကို့ ဆီကို merge လုပ်ထားတဲ့ code တွေရဲ့ RE က အကို့ရဲ့ RE နဲ့တူတူပါပဲခင်ဗျ။ အကို့ရဲ့ RE ကိုသုံးပြီးပဲ Java, Javascript languages များဖြင့် ထပ်ပေါင်း ရေးသားထားပြီး merge လုပ်ခဲ့တာဖြစ်ပါတယ်။ output လည်းတူတူထွက်ပါတယ်ခင်ဗျ။

ကျွန်တော့်အနေဖြင့် ကို Swan Htet Aung ရဲ့ ReSegment Repo ကိုလည်း Fork လုပ်ခဲ့တာကြောင့် အကိုအနေဖြင့် ရုတ်တရက် ဒွိဟဖြစ်စေခဲ့တယ်လို့ထင်ပါတယ်။ python, perl, shell ကိုမလေ့လာဖူးပဲ java, javascript စသည့်တို့ကိုသာ လေ့လာဖူးတဲ့ သူတွေအတွက်ပါအဆင်ပြေအောင် တတပ်တအား merge လုပ်ပေးတာပါခင်ဗျ။

အကိုအနေဖြင့်လက်ခံမယ်ဆိုလျှင် java, javascript စသည့်တို့အတွက် နောက် update feature အတွက်လည်း contribute လုပ်လိုပါတယ်ခင်ဗျ။

လေးစားစွာဖြင့် ချမ်းမြေ့ကိုကို

— You are receiving this because you were mentioned. Reply to this email directly, view it on GitHub https://github.com/ye-kyaw-thu/sylbreak/pull/2#issuecomment-396637446, or mute the thread https://github.com/notifications/unsubscribe-auth/ARQJNpM7IsoNKzRP394fbXWac9ZxW3R5ks5t7-GmgaJpZM4UiU4B .